တံတားဦးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေကြသည့် ဆရာတော်သံဃာတော်များများအား ‌နေ့ဆွမ်းဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေကြသည့် ဆရာတော်သံဃာတော်များများအား ‌နေ့ဆွမ်းဆက်ကပ်လှူဒါန်း




MNP ၊ မတ် ၃၀

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲကို ဖြေဆိုကြမည့် ဆရာတော်သံဃာတော်များ၊ မြို့နယ်သံဃာ့နာယက ဩဝါဒစရိယဆရာတော်များ၊ မြို့နယ်သံဃာ့နာယကဥက္ကဌ ဆရာ တော်နှင့်အဖွဲ့ဝင်များ၊ စာမေးပွဲကြီးကြပ်ရေးဆရာတော်များအား  နေ့ဆွမ်းနှင့်အချိုပွဲများ ဆပ်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က တံတားဦးမြို့ မေဃဝန်ပရိယတ္တိ စာသင်တိုက်၌ ကျင်းပကြောင်းသိရသည် ။


အဆိုပါဆက်ကပ်လှူဒါန်းပွဲတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ လူမှုမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ကြွရောက်တော်မူလာကြသည့် ဆရာ တော်သံဃာတော်များ၊ မြို့နယ်သံဃာ့နာယက ဩဝါဒစရိယဆရာတော်များ၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့ဝင်များ၊ စာမေးပွဲကြီးကြပ်ရေးဆရာတော်များအား  နေ့ဆွမ်းနှင့်အချိုပွဲ များ ဆပ်ကပ်လှူဒါန်းကြသည် ။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ စိန်ဖူးပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကေသရအား သာသနာရေး ဆိုင်ရာများကိုလျှောက်ထားပြီး မြို့နယ်အတွင်းပါဠိပထမပြန်စာမေးပွဲအတွက်  စာရွက်ထုပ်(၂)ပုံး၊ လက်သန့်ဆေးရည်၊ Mask များနှင့်လိုရာသုံးအလှူတော်အတွက် အလှူတော်ငွေကျပ် (၈) သိန်း တို့ကို လှူဒါန်းနိုင်ခဲ့ကြောင်းသိရသည် ။


ရဲတင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)