MNP ၊ မတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်အတွင်း နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဝမ်ခုတ်ကျေးရွာအုပ်စု၊ ဝမ်ရှိုကျေးရွာ၊ ဘုန်းကြီးကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းတို့က ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာနေပြည်သူများအား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆွေးနွေးပြောကြားရာတွင် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းနှင့် မှုခင်းပိုင်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၏ ပြစ်မှုပြစ်ဒဏ်နှင့် ဆိုးကျိုးများ၊ စပါး၊ ပြောင်းများ ပိုးကျပါက ဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ စားသုံးဆီဖူလုံစေရေး နေကြာစိုက်ပျိုးကြရန်၊ သတင်းအမှားအမှန်ခွဲ ခြားနိုင်ရေး၊ တောင်ယာခုတ်ထွင်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဥပဒေများအကြောင်းနှင့် မရှို့မထွင် စိုက်ပျိုးရေးနည်းစနစ်များအကြောင်း၊ ကျေးလက်မီးလင်းရေးနှင့် ကျေးရွာလယ်ယာ ကုန်ထုတ်လမ်းများအကြောင်း၊ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ရှောင်ရန်၊ ဆောင်ရန် အချက်များကို မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသော ကျေးရွာနေတိုင်းရင်းသားပြည်သူများမှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းဆိုင်ရာများကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာကဏ္ဍများအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment