ကျိန္တလီမြို့တွင် မူလတန်းဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့တွင် မူလတန်းဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ





MNP ၊ မတ် ၂၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများတွင် သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အခြေခံပညာမူလတန်းဆင့်တွင် သင်ကြားပြသနေသော ဆရာ/မ များအား အတန်းလိုက် ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်များ မြင့်မားလာစေရန် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က ကျိန္တလီ ရွှေကိန္နရီခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင်  မြို့နယ်ပညာရေးမှူး ကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးဇော်မင်းသိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး လက်ထောက်မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးနေမျိုးဆွေမှ သင်တန်းနှင့်သက်ဆိုင်သည်များကို မှာကြားခဲ့သည်။ 


အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာ(၁၂)ဦးနှင့် မူလတန်းပြ ဆရာ/မ (၂၁၀)ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ၃၁ရက်နေ့ထိ နေ့စဉ်နံနက် ၉ နာရီမှစ၍  ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)