ပုဏ္ဏားကျွန်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ







MNP ၊ မတ် ၂၉

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပုဏ္ဏးကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့်သမဝါယမဦးစီးဌာနတို့မှ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ထုတ်ကုန် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် အရင်းမပျောက်မတည်ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။


  ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးညွန့်ဝင်းက အရင်းမပျောက် မတည်ရန်ပုံငွေများ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်နှင့်သမဝါ ယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်တို့က စီမံကိန်းလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ကြသည်။


   ထိုနောက် စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေး လုပ်ငန်းများတိုးချဲ့လုပ်ကိုင်ရန်အတွက် ယိုးငူကျေးရွာ အုပ်စုသို့ ကျပ်သိန်း ၆၀၀ နှင့်မြောင်ကြီး ကျေးရွာအုပ်စုသို့ ကျပ်သိန်း ၄၀၀၊ သမဝါယမဦးစီးဌာနမှ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန်အတွက် ဂဏန်းတောင်ကျေးရွာမှ ပြည့်စုံစိုက်ပျိုးထုတ်လုပ်ရေး သ/မ အသင်းသို့ ကျပ်သိန်း(၉၆) သိန်း၊ ဖက်ကျကျေးရွာမှ ရွှေမင်္ဂလာမွေးမြူရေး သမဝါယမအသင်းသို့ ကျပ်သိန်း(၂၀၀)နှင့်ရေဖြူကန်ကျေးရွာ ခိုင်သဇင်မုန့်ဖတ်ထုတ်လုပ်ရောင်းချသူများအသင်း သို့ ငွေကျပ်(၁၈)သိန်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်မြို့နယ်စီမံကိန်းကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူတို့က ကျေးရွာစီမံကိန်း လုပ်ငန်းကြီးကြပ်မှုကော်မတီများထံသို့ စာချုပ် စာတမ်းများနှင့်အတူ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။ 


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)