ပေါင်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် ပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် ပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊ မတ်  ၁၇

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင် ပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်ပိုင်းက ဝါရီရူခန်းမ၌ကျင်းပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် ကမြို့နယ်အတွင်းရှိသံဃာတော်အရှင်သူမြတ်တို့အား အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရန် ဌာနဆိုင်ရာများအပြင် ပြည်သူတွေကပါဝိုင်းဝန်းကူညီဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊သန့်ရှင်းရေးအပြင်၊ဆွမ်းနှင့်လိုအပ်ပစ္စည်းများပူး‌ပေါင်းဆောင်ရွက်ပေးပါရန်လိုအပ်ပါကြောင်းအမှာစကားပြောကြားသည်။


ထို့နောက်  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်မျိုးလှိုင်က နေ့စဉ်တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းများနှင့်စေတနာရှင်ပြည်သူများအား လုပ်အားပေးလုပ်ကိုင်ကြရန်နှင့် နေ့ည ဆွမ်း၊အအေးနှင့်လှူဖွယ်ပစ္စည်းများ ဆပ်ကပ်နိုင်ရေး ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေးကိုဆွေးနွေးခဲ့သည်။


ဆက်လက်၍ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦးက ယခုနှစ်သည်ယခင်နှစ်ထက် စာဖြေသံဃာတော်များသည့်အတွက် လုပ်အားပေးများကိုပိုမိုများပြားအောင် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကလည်း ပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်းပြောကြားခဲ့သည်။


အစည်းအဝေးကို   မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ကြက်ခြေနီအသင်းအဖွဲ့ဥက္ကဌ၊လူမှုရေးအသင်းအဖွဲ့များတက်ရောက်ကြပြီး ထိုပါဠိပထမပြန် စာမေးပွဲကို ယခုလ မတ်လ(၂၈) ရက်နေ့မှဧပြီလ (၃)ရက်နေ့အထိ (၇) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)