ရွှေတောင် မြို့နယ် တွင် ၂၀၂၃ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် သမိုင်း ဘာသာရပ်၌ ၉၄ ဒသမ၄၄ ရာခိုင်နှုန်းခန့် စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ် တွင် ၂၀၂၃ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် သမိုင်း ဘာသာရပ်၌ ၉၄ ဒသမ၄၄ ရာခိုင်နှုန်းခန့် စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိ




MNP ၊ မတ်  ၁၇

ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ရွှေတောင်မြို့နယ် တွင်ယနေ့ နံနက်ပိုင်းတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ နောက်ဆုံးနေ့အဖြစ် သမိုင်း ဘာသာရပ်ကို ဖြေဆိုရာ ရွှေတောင်မြို့နယ် အတွင်း ရှိ စာ​ဖြေဌာန ၄ ခု၌ ရွှေတောင် အထက ကျောင်းတွင်ကျောင်းသား (၃)ဦး ၊ ကျောင်းသူ( ၄)ဦး၊ကျီးသဲ အထကကျောင်းတွင် ကျောင်းသား(၃) ဦး၊ကျောင်းသူ (၂)ဦး၊ယင်းမူကုန်းအထကကျောင်းတွင် ကျောင်းသား(၈) ဦး၊ ကျောင်းသူ(၁၃) ဦး၊ ညောင်စာရေးအထကကျောင်းတွင် ကျောင်းသား( ၁)ဦး၊  စုစုပေါင်း (၃၄)ဦးတို့မှ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့သည်။


ရွှေတောင်မြို့နယ် တွင် သမိုင်း ဘာသာရပ်ကို ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူ (၃၆) ဦးရှိသည့် အနက်( ၃၄ )ဦး ဖြေဆိုသည့်အတွက် ၉၄ ဒသမ ၄၄ ရာခိုင်နှုန်း ဖြေဆိုကြောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။ 


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)