တောင်ကုတ်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ





MNP ၊ မတ်   ၁၆

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး က အမှာစကားပြောကြားပြီး နောက် ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမြင့် က မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ကာ ကလေးသူငယ်ဥပဒေများကို ပြဌာန်းပြီး ကလေးသူငယ်အခွင့်အရေးများကိုကာကွယ်စောင့်ရှောက် နေမှုများ ၊ ကလေးသူငယ်အခွင့်အရေးများကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ရေးအတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ကိုအဆင့်ဆင့် ဖွဲ့စည်း၍ ကာကွယ်ဆောင်ရွက်နေမှုနှင့် ပြစ်မှုကျူး လွန်ပါကကျခံရမည့် ပြစ်ဒါဏ်များကိုရှင်းလင်းဆွေးသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့် ဌာနဆိုင်ရာများ ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အိအိငြိမ်းနှင့်အဖွဲ့ဝင်များ ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ၊ ဆရာ ၊ ဆရာမများတက်ရောက်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)