ဂွမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ်းသာယာ- မဒေါ့ကြောကျေးရွာချင်းဆက် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ်းသာယာ- မဒေါ့ကြောကျေးရွာချင်းဆက် ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ





MNP ၊ မတ် ၂၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သော အရှည် (၀.၇၁)ကီလိုမီတာရှိ ကမ်းသာယာကျေးရွာနှင့် မဒေါ့ကြောကျေးရွာတို့ကို ဆက်သွယ်ထားသော ကျေးရွာချင်း ဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က အဆိုပါလမ်းသစ်၌ ကျင်းပပြုလုပ် ခဲ့သည်။


အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ကျေးလက်လမ်းဖွံ့ဖြို့ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်ချိုက လုပ်ငန်းစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


ဆက်လက်ပြီး ကွန်ကရစ်လမ်းသစ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန့်ဇင်အောင်၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဦးမြင့်ချို၊ ကမ်းသာယာစခန်းမှူးနှင့် ကျေးရွာကိုယ်စားလှယ်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ 

 

အဆိုပါ ကွန်ကရစ်လမ်းသစ်မှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ (၁၆၄.၁၃၂) ကျပ်သန်းဖြင့် ဆောင်ရွက်သော ကမ်းသာယာ-မဒေါ့ကြော ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖြစ်ပြီး အရှည်(၀.၇၁) ကီလိုမီတာရှည်ကာ မဒေါ့ကြော၊ ကမ်းသာယာ၊ ရေသိုး၊ ရွှေဦးကွင်း၊ ဂျိုလိမ် စသည့်ကျေးရွာများမှ ဒေသခံပြည်သူများ၏ စီပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကူးသန်းသွားလာရေးများအတွက် အကျိုးပြုသည့် လမ်းတစ်လမ်းဖြစ်​ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)