သပိတ်ကျင်းမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆွေးနွေး ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သပိတ်ကျင်းမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆွေးနွေး ပွဲကျင်းပ




MNP ၊ မတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက သပိတ်ကျင်းမြို့ဆိပ် ကမ်းရပ်ကွက်၊ ရွှေဝါဝင်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်​အောင်က မဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ခေါ်ယူညှိနှိုင်းဆွေးနွေးရခြင်းဖြစ်ကြောင်း၊ သပိတ်ကျင်းမြို့ကမ္ဘာ အေးကွက်သစ်တွင်  ဗဟိုမဏ္ဍပ်တစ်ခုဆောက်လုပ်ပြီး သင်္ကြန်အကြို၊ အကျ၊ အကြတ်နှင့် အတက် နေ့များတွင် ယိမ်းအဖွဲ့များဖြင့် ဖျော်ဖြေနိုင်ရေး၊  စတုဒီသာကျွေးမွေးနိုင်ရေး၊ မြန်မာနှစ်ဆန်း (၁) ရက် နေ့တွင် ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ    တက်ရောက်လာသည့်   တာဝန်ရှိသူများက    ဝိုင်းဝန်းပေါင်းစပ်ပေးကြရန်   ပြောကြားသည်။


ဆက်လက်၍    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင် (၁) ဗိုလ်မှူးဝင်း​မြတ်သူ၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိူင်တို့က လုံခြုံရေးကစ္စရပ်များနှင့် အဖွဲ့ဝင်ဦးမင်းသူရက  မဏ္ဍပ်တည် ဆောက်မည့်နေရာနှင့်  တည်ဆောက်ရေးအတွက်လိုအပ်ချက်များ၊ ဧည့်ခံကြိုဆိုရေးကိစ္စရပ်များအား ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်ရေးကို  ရှင်းလင်းဆွေးနွေးပြီး တက်ရောက် လာသူများက မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။       


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)