သံဖြူဇရပ်မြို့နယ်အတွင်း ခိုးဝင် ဘင်္ဂါလီ (၃၁)ဦး ထပ်မံ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ်အတွင်း ခိုးဝင် ဘင်္ဂါလီ (၃၁)ဦး ထပ်မံ ဖမ်းဆီးရမိ


MNP ၊ မတ် ၂၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာအုပ်စု၊ ဝင်းစိန်ကျေးရွာအနီးတွင် နယ်မြေခံတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း ရှာဖွေဖော်ထုတ်ခဲ့ရာ ခိုးဝင်ဘင်္ဂါလီ (၃၁)ဦး ယမန်နေ့ (၂၅-၃-၂၀၂၃) ရက်နေ့က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မတ်လ ၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှုးကျေးရွာအုပ်စု၊ ဝင်းစိန်ကျေးရွာအနီးဝန်းကျင်တွင် ဘင်္ဂါလီများ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် နယ်မြေခံတပ်၊ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့များက သွားရောက်ရှာဖွေခဲ့ရာ ဝင်းစိန်ကျေးရွာ အနီး ရာဘာခြံတွင် ဘင်္ဂါလီလူမျိုး ကျား (၉၃)ဦး၊ မ (၆၁)ဦး၊ ပေါင်း (၁၅၄)ဦးတို့အား တွေ့ရှိ ဖမ်းဆီး ရမိခဲ့ပြီး သံဖြူဇရပ်မြို့၊ စက်သစ်ရပ်ကွက်၊ မြို့နယ်အားကစားကွင်းအတွင်း၌ ခေါ်ဆောင်ထိန်းသိမ်းထားခဲ့သည်။

ထပ်မံ၍ ယမန်နေ့ မတ်လ ၂၅ ရက်နေ့ နံနက် ၆ နာရီမှ ညနေ ၄ နာရီအချိန်ထိ နယ်မြေခံတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့များက သံဖြူဇရပ်မြို့နယ်၊ ဝင်းစိန်ကျေးရွာ အနီးဝန်းကျင်အား ဆက်လက်ရှာ ဖွေခဲ့ရာ ဘင်္ဂါလီလူမျိုး မာမတ်ဟူဆောင်း (၁၇)နှစ်၊ (ဘ) မာမွတ်အာလီ၊ ကြိမ်ချောင်းကျေးရွာ၊ မောင်တောမြို့နယ်နေသူပါ  ကျား (၂၈)ဦး၊ ရှော်ဟီဒါ (၁၈)နှစ်၊ (ဘ)အီနုစ်၊ မော်လော်ဝီကျေးရွာ၊ စစ်တွေမြို့နယ်နေသူပါ မ (၃)ဦး၊ ပေါင်း (၃၁)ဦးတို့အား ထပ်မံတွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စုစုပေါင်း ဖမ်းဆီးရမိသည့် ဘင်္ဂါလီ ကျား (၁၂၁)ဦး၊ မ(၆၄) ဦး၊ ပေါင်း(၁၈၅)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)