နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး တက်ရောက်



MNP ၊ မတ် ၂၅

နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ၏ (၁/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ နေပြည်တော် MSME အေဂျင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က စီးပွါးရေးလုပ်ငန်းများ၏ ၉၅ ရာခိုင်နှုန်းကျော်သည် MSME လုပ်ငန်းများ ဖြစ်သည့် အတွက် တိုင်းပြည်၏ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါ သည့်ကဏ္ဍမှာပါဝင်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှုနဲ့အညီ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကမောင်းနှင်အားအဖြစ် အသုံးချပြီး ဝင်ငွေတိုးတက်လာစေရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် လက်ရှိစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေး ထုတ်ကုန်အမယ်သစ်များနှင့် Value-added ထုတ်ကုန်များ ထုတ် လုပ်ခြင်းတို့အတွက် ဆန်းသစ်တီထွင်ကြံဆပြီး ဈေးကွက်ချဲ့ထွင်သွားရမှာ ဖြစ်ပါကြောင်း၊ ဈေးကွက်ရရှိနိုင်မှု အလားအလာကောင်းများရှိသည့် စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ပေးနိုင်ခြင်း၊ နည်းပညာရရှိမှု ပံ့ပိုးကူညီပေးနိုင်ခြင်းနှင့် ငွေကြေးထောက်ပံ့မှုများရရှိရေး ချိတ်ဆက်ဆောင်ရွက် ပေးနိုင်ခြင်းဖြင့် MSME ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေမည့် အထိရောက်ဆုံးနည်းလမ်းများအား ရှာဖွေနိုင်ရေးအတွက် တက်ရောက်လာသည့် နေပြည်တော် MSME Agency အဖွဲ့ဝင် ဌာနဆိုင်ရာများအနေဖြင့် ဒေသဆိုင်ရာ အေဂျင်စီရုံးခွဲများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အောင်မြင်စေရေးအတွက် ကဏ္ဍအလိုက်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးမြှင့်တင်နိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီနှင့် အသေးစား၊အငယ်စားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၊ ဗဟို MSME အေဂျင်စီနဲ့ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဒေသဆိုင်ရာ အေဂျင်စီများစသည့် အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းပြီး အရှိန်အဟုန်ဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြေကြားသည်။


ယင်းနောက် တက်ရောက်လာသော အေဂျင်စီအဖွဲ့ဝင်များကဗဟို MSME အေဂျင်စီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ် ချက်များအနက် ဒေသဆိုင်ရာ အေဂျင်စီများမှ ဆောင်ရွက်ရမည့်အချက် (၈)ချက်အပေါ် အေဂျင်စီအဖွဲ့ဝင်ဌာနများနှင့် အသင်းအဖွဲ့များက ဆွေးနွေးတင်ပြသည်။


ဆက်လက်၍ နေပြည်တော် MSME အေဂျင်စီ အတွင်းရေးမှူး ဦးဟိန်းဇော်ကဗဟို MSME အေဂျင်စီ ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအနက် ဒေသဆိုင်ရာ အေဂျင်စီများမှ ဆောင်ရွက်ရမည့် အချက် (၈)ချက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာနေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။


ဟိန်းသူအောင်

 https://t.me/MyanmarNationalPost






 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)