ရေကြည်မြို့နယ် အောင်ဆန်း(၃) လမ်းစည်ပင် ပြည်သူပူးပေါင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေကြည်မြို့နယ် အောင်ဆန်း(၃) လမ်းစည်ပင် ပြည်သူပူးပေါင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ



MNP ၊ မတ် ၂၈

(၇၈)နှစ်မြောက် တပ်မ‌တော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍရေးနှစ် တိုင်းဒေသကြီးအထွေထွေ ပိုလျှံရန်ပုံငွေနှင့် လမ်းနေပြည်သူများ၏ ထည်ငွေဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည့်‌ ရေကြည်မြို့အောင်ဆန်း(၃) လမ်းစည်ပင် ပြည်သူပူးပေါင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို မတ် ၂၆ ရက်နေ့ နံနက် (၉) နာရီ အချိန်က အဆိုပါ အောင်ဆန်း(၃)လမ်းထိပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။


လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဘုန်းလွင်၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးတို့မှ တက်ရောက်ဖဲကြိုး ဖြတ် ဖွင့်လှစ်ခဲ့ပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။


အဆိုပါ ကွန်ကရစ်လမ်းသစ်မှာ လမ်းအရှည် (၉၇၀)ပေ ၊ အကျယ် (၁၂)ပေ ၊ ထု(၆)လက်မဖြစ်ကာ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ထည့်ဝင်ငွေ (၁၈.၄၀၁၈၄)သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် သိန်း (၁၀၀) စုစုပေါင်း (၂၈.၄၀၁၈၄) သန်းဖြင့် ပူးပေါင်းထည့်ဝင် ဆောင်ရွက်ခဲ့သော လမ်းဖြစ် ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)