ဂွမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဂွမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်

34

35

36

37


MNP ၊ မတ်  ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန 

Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ဝန်ထမ်းကျင့်ဝတ် စာအုပ်ဖြင့် ဝန်ထမ်းများစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။


စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ရွှေရည်ဝင်းကျော် ကဝန်ထမ်းများအနေဖြင့် ဝန်ထမ်း၏ဝန်ထမ်းမှုဆိုင်ရာ ခံစားခွင့်များအား ရရှိနိုင်ကြောင်း သိမြင်နားလည်နိုင်ကြစေရန်နှင့် နည်းလမ်းမှန်ကန်စွာ လိုက်နာနိုင်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်း ဖြစ်ကြောင်း ဦးစွာပြောကြားသည်။ ဆက်လက်၍ ဝန်ထမ်းကျင့်ဝတ်စာအုပ်ပါ အခန်း(၄)ရှိ ဝန်ထမ်း၏ ဝန်ထမ်းမှုဆိုင်ရာ ခံစားခွင့်များတွင် အခြေခံအခွင့်အရေးများနှင့် တာဝန်ထမ်းဆောင်မှုကို အကြောင်းပြုသော ခံစားခွင့်များ စသည့်အကြောင်းအရာများကို ဝန်ထမ်းတစ်ဦးချင်း ဖတ်ကြား ဆွေးနွေးခဲ့ကြသည်။ 


ထို့နောက် ဝန်ထမ်း၏ ဖတ်ကြားဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိက ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။ ဝန်ထမ်းများ စာဖတ်ဝိုင်းဆွေးနွေးပွဲကို တစ်လလျှင်(၂) ကြိမ်နှုန်းဖြင့် ဝန်ထမ်းများနှင့်သက်ဆိုင်သည့် စာအုပ်ပါ အကြောင်းအရာ ခေါင်းစဉ်များအလိုက် ဝန်ထမ်းများ စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန်ပြုလုပ်  ပေးလျက်ရှိသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages