MNP ၊ မတ် ၂၉
မွန်ပြည်နယ် ၊ ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် အခြေခံ ပညာ အထက်တန်း ကျောင်း ရွှေရတုခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ် ပညာ ရေးမှူးဒေါ်စန်းစန်းအေး ကယခုလိုစွမ်းရည်မြှင့် ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် ဆရာ/ဆရာမများ အရည်အချင်း ပိုမိုပြည့်ဝပြီး ထူးချွန်ထက်မြက်သည့် ကျောင်းသား/ကျောင်းသူများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ကြောင်း ဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းသို့ ပေါင်မြို့နယ်မှ မူလတန်းအဆင့် ဆရာ၊ဆရာမ(၉၂၁)ဦးတက်ရောက်ပြီး သင်တန်းနည်းပြ(၃၁)ဦးမှ သက်ဆိုင်ရာဘာသာရပ်အလိုက်(၄)ရက်ကြာသင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment