ကလေးမြို့၊ စကားလှဘုန်းတော်ကြီးကျောင်း၊ မြို့မဓမ္မဗိမာန်တော်ကြီးတွင် ပါဠိပထမပြန်စာမေးပွဲ ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးမြို့၊ စကားလှဘုန်းတော်ကြီးကျောင်း၊ မြို့မဓမ္မဗိမာန်တော်ကြီးတွင် ပါဠိပထမပြန်စာမေးပွဲ ဖြေဆို


MNP ၊ မတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ စကားလှဘုန်းတော်ကြီးကျောင်း မြို့မ ဓမ္မဗိမာန်တော်ကြီးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ သာသနာရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲ၏ ကစ္စည်းသဒ္ဒါကြီးဘာသာရပ်ကို မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ ပါဠိပထမပြန် (အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပမထကြီးတန်း) စာမေးပွဲကို ဖြေဆိုရန်အတွက် ရဟန်း ၆၀ ပါး၊ သာမဏေ ၁၈၈ ပါး၊ သီလရှင် ၂၄ ပါး၊ လူ ၂ ဦး စုစုပေါင်း ၂၇၂ ပါးနှင့် လူ ၂ ဦး စာရင်းပေးသွင်းခဲ့ရာတွင် စာမေးပွဲဖြေဆိုရာသို့ ရဟန်း ၅၅ ပါး၊ သာမဏေ ၁၅၆ ပါး၊ သီလရှင် ၂၂ ပါး၊ လူ ၂ ဦး စုစုပေါင်း ၂၃၃ ပါးနှင့် လူ ၂ ဦး လာရောက်ဖြေဆိုခဲ့ကြပြီး ပါဠိပထမပြန်စာမေးပွဲများကို ဧပြီလ ၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။


စာမေးပွဲဖြေဆိုကြသည့် သံဃာတော်များနှင့် သီလရှင်များ အေးချမ်းသာယာစွာ ဖြေဆိုနိုင်စေရန်အတွက် ထေရ်ကြီးဝါကြီး ဆရာတော်များမှ အနီးကပ်ကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိပြီး သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများ၊ စေတနာရှင်များက ဆွမ်းဘောဇဉ်နှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)