ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သုတ/ရသစာအုပ်များ ထပ်ဆင့် လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တထောင်မြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သုတ/ရသစာအုပ်များ ထပ်ဆင့် လှူဒါန်းပွဲကျင်းပ


MNP ၊ မတ်  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် သုတ/ရသ စာအုပ်များ ထပ်ဆင့်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၁း၀၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဗိုလ်တထောင်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး  ဦးရဲနောင်ချစ်က ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဥ်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍တက်ရောက်လာကြသည့် စာကြည့်တိုက်များမှ စာကြည့်တိုက်ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများက မိမိတို့၏စာကြည့်တိုက်များ ရှင်သန်အောင်မြင်အောင် ဆောင်ရွက်နေသည့်လုပ်ငန်းများအား အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက်ဗိုလ်တထောင်မြို့နယ်အတွင်းရှိ စန္ဒကူးရနံ့ စာကြည့်တိုက်သို့ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့က လှူဒါန်းသည့် သုတ/ရသစာအုပ်များကို ထပ်ဆင့်လှူဒါန်းပေးခဲ့ရာ သက်ဆိုင်ရာ စာကြည့်တိုက် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။


မေနှင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)