မိုင်းတုံမြို့၌ (၇၈) နှစ်မြောက် တပ်မတော်နေ့အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့၌ (၇၈) နှစ်မြောက် တပ်မတော်နေ့အခမ်းအနား ကျင်းပ


MNP ၊ မတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် ၊အမှတ်(၂၂၅) ခြေလျင်တပ်ရင်းအတွင်းရှိစု‌ ပေါင်းတန်းစီကွင်း၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က (၇၈) နှစ်မြောက် တပ်မတော်နေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၈) နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းကို မိုင်းတုံအခြေချစစ်ဗျုဟာမှူး ဗိုလ်မှူးကြီးဇော်မင်းဦးက ဖတ်ကြားခဲ့‌ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ မိုင်းတုံအခြေချစစ်ဗျုဟာမှူး ဗိုလ်မှူးကြီးဇော်မင်းဦးနှင့် အဖွဲ့များ၊ နယ်‌ခံတပ်ရင်းတပ်ဖွဲ့မှအရာရှိ အရာခံစစ်သည် (၁၆၀)ဦး၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်အား‌ပေးခဲ့ကြောင်း သိရှိရသည်။


ဝင်းဝင်းခိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)