ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ ၌ မြေပဲမျိုး(ယှဉ်ပြိုင်)စမ်းသပ်ခြင်းကွင်းသရုပ်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ ၌ မြေပဲမျိုး(ယှဉ်ပြိုင်)စမ်းသပ်ခြင်းကွင်းသရုပ်ပြ






MNP   -   မတ်   ၂

     မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထို မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊စိုက်ပျိုးရေးဦးစီးဌာနမှမတ်လ ၂ ရက် နံနက် ၁၀ နာရီတွင်ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ တောင်သူ ဦးအောင်ကျော်ထူး ၏ စံပြစိုက်ခင်း၌ မြေပဲမျိုး (ယှဉ်ပြိုင်)စမ်းသပ်ခြင်းကွင်းသရုပ်ပြခြင်းကိုပြုလုပ်ခဲ့သည်။


    ကွင်းသရုပ်ပြရာ၌ ကျိုက်ထိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းဗိုလ် က ယခင်နှစ်များက စိုက်ပျိုးသည့် မြေပဲများအစား ဗီယက်နန် မြေပဲမျိုးကိုစမ်းသပ်စိုက်ပျိုးပေးခြင်းဖြစ်ကြောင်း ဗီယက်နန်မျိုးမှာအခွံပါးလွှာ၍အတွင်းဆံများပြီးကြီးထွားခြင်းရှိ၍ ‌မြေပဲဆီကြိတ်ရာတွင်ဆီထွက်နှုန်းကောင်းကာသမရိုးကျစိုက်ပျိုးသည့်မြေပဲနှင့်ဗီယက်နန်မြေပဲစိုက်ပျိုးစရိတ်ကုန်ကျမှုမှာအတူတူဖြစ် သည်ကိုတောင်သူများအားအသိပေးပြောကြားခဲ့သည်။


       ဆက်လက်၍ တောင်သူအောင်ကျော်ထူး က ယခင်နှစ်များက ဆောင်းမြေပဲမျိုးကိုစိုက်ပျိုးခဲ့သော်လည်း တစ်ဧကထွက်နှုန်းမှာတင်း(၇၀)ထွက်ရှိခဲ့ကြောင်း ယခုစမ်းသပ်စိုက်ပျိုးသည့် ဗီယက်နန် မြေပဲအထွက်နှုန်းမှာတစ်ဧက တင်း(၁၀၀)အထိထွက်ရှိခြင်းကြောင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးအရာရှိနင့်ဝန်ထမ်းများ

အားကျေးဇူးတင်စကားပြောကြားခဲ့‌ ကြောင်းသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)