သာပေါင်းမြို့နယ် စာဖြေဌာန၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကျင်းပရေး စီစဉ်ဆောင်ရွက်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် စာဖြေဌာန၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကျင်းပရေး စီစဉ်ဆောင်ရွက်ထားရှိ


MNP ၊ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စာဖြေဌာနတွင် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ‌ ဖြေဆိုကျင်းပနိုင်ရေးအတွက် အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်ရှိ ဝိဇယဓမ္မာရုံနေရာ၌ ယနေ့ မတ်လ၂၇ ရက်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်ကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိကြသည်။


ပရိယတ္တိ သာသနာ၊ ပရိပတ္တိ သာသနာ၊ ပရိဝေဓ သာသနာ ဟူသော သာသနာ(၃)ရပ်တွင် ဂန္ထဒူရ ပရိယတ္တိသာသနာ ဟုဆိုသော စာသင်၊ စာချ၊ စာဖြေ ရဟန်းသံဃာတော်များ များပြား‌ပေါ်ထွန်းထွက်ရှိလာ‌ရေး ရည်သန်၍ နှစ်စဉ်ပြုလုပ်ကျင်းပလာခဲ့ရာ ယခု ၁၃၈၄(၂၀၂၃)ခုနှစ်တွင် ၂၈ - ၃ - ၂၀၂၃ ရက်နေ့မှ ၃ - ၄ - ၂၀၂၃ ရက်နေ့အထိ စာဖြေဆို သံဃာ အခြေပြုမူလတန်း(၁၀)ပါး၊ ပထမငယ်တန်း (၁၂)ပါး၊ ပထမလတ်တန်း(၂)ပါး၊ ပထမကြီးတန်း(၆)ပါး ပေါင်းစာဖြေသံဃာ(၃၀)ပါးတို့ဖြင့် ကျင်းပပြုလုပ်မည့်ဖြစ်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်းနှင့် ဌာနဆိုင်ရာများ၊ အမှတ်(၁)ရပ်ကွက် အုပ်ချူပ်ရေးမှူး ဦးသက်မြင့်နှင့် စာမေးပွဲကျင်းပရေး ကော်မတီဝင်တို့က ပါဠိပထမပြန်စာမေးပွဲအတွက် လိုအပ်သောပြင်ဆင်မှုများ ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။


မျိုးဇော်သိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)