ဖမ်းဆီးရမိ အကြမ်းဖက်သမားများ နှင့် အကြမ်းဖက်လှုံ့ဆော်သူများအား ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖမ်းဆီးရမိ အကြမ်းဖက်သမားများ နှင့် အကြမ်းဖက်လှုံ့ဆော်သူများအား ပြစ်ဒဏ်အသီးသီးချမှတ်



MNP  ၊ မတ်လ ၁၆

အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော CRPH, NUG အကြမ်းဖက်အဖွဲ့များနှင့် ပြည်ဖျက်မီဒီယာများ၏ လှုံ့ဆော်မှုများတွင် လိုက်ပါ၍ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေသော အကြမ်းဖက်သမားများ၊ အကြမ်းဖက်လှုံ့ဆော်သူများထဲမှ ဖမ်းဆီးရမိသူတချို့ကို သက်ဆိုင်ရာ တရားရုံးများတွင် ၁၅-၃-၂၀၂၃ ရက်နေ့ က ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။


မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ယက်စာမျက်နှာပေါ်တွင် နိုင်ငံတော် တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန်နှင့် ပြည်သူများ ထိတ်လန့်စေရန် မဟုတ်မမှန်သတင်းများအား ရည်ရွယ်ချက်ရှိရှိဖြင့် ရေးသားဖြန့်ဝေခဲ့သူ တရားခံ ထက်ဝင်းသန့်(ခ)ဖိုးထက် အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့်ထောင်ဒဏ် (၂)နှစ်၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲအစည်းများနှင့် ပူးပေါင်းကာ ၎င်းအဖွဲ့အစည်းများအား အားပေးကူညီထောက်ပံ့ခြင်း၊ စားဝတ်နေရေးအတွက် ထောက်ပံ့ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ ကျော်မင်းအောင် အား အကြမ်းဖက်ဥပဒေပုဒ်မ ယင်းပုဒ်မ ၅၀(ည)/ယင်းပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


ကလေးမြို့နယ်၊ အင်းကျော်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး ဝန်ထမ်းများအား CDMလှုပ်ရှားမှုများတွင် ပါဝင်လာစေရန် စည်းရုံးလှုံ့ဆော်မှုများအား ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ တင်မောင်လုံး(ခ)ဖိုးလုံး၊ အေးထွန်း(ခ)ဘောကြီး တို့အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့်ထောင်ဒဏ် (၂ )နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


တန့်ဆည်မြို့နယ်၊ ကျွဲဆွဲကျေးရွာတွင် နေထိုင်လျက်ရှိပြီး ကျေးရွာနေ ရွာသူ/သားများအား CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရန် ဖိအားပေး စည်းရုံးလှုံ့ဆော်မှုများအား ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ မျိုးဇော်လင်း၊ မစံပါယ်သန်း တို့အား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့်ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


အလားတူ တမူးမြို့၊ မြို့မရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများထံသို ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ မငြိမ်းချမ်းမေကျော်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


ချောင်းဦးမြို့နယ်၊ ရွှေလှေကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အကြမ်းဖက်အဖွဲအစည်းများအား ငွေးကြေးများထောက်ပံ့ခြင်း၊ လုံခြုံရေးအဖွဲ့များ၏ သွားလာလှုပ်ရှားမှုများအား အကြမ်းဖက်အဖွဲအစည်းများထံသို ပေးပိုမှုများ ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ အောင်ကျော်မျိုး(ခ)မျိုးကျော်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)၊ ယင်းပုဒ်မ ၅၂(ခ) အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


မင်းကင်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ၎င်းအဖွဲ့အစည်းများအား အားပေးကူညီထောက်ပံ့ခြင်း၊ စားဝတ်နေရေးအတွက် ထောက်ပံ့ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ ကျော်မင်းထွဋ်အား အကြမ်းဖက်ဥပဒေပုဒ်မ ၄၉(က)/ယင်းပုဒ်မ ၅၀(ည)/ယင်းပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၂)နှစ်၊ မင်းကင်းမြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ၎င်းအဖွဲ့အစည်းများအား အားပေးကူညီထောက်ပံ့ခြင်း၊ စားဝတ်နေရေးအတွက် ထောက်ပံ့ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ ကျော်မင်းအောင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)/ယင်းပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်ကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသူ တရားခံ ကျော်သူထွန်း(ခ)ကတုံး၊ ကျော်ကျော်ဖြိုး(ခ)ငကျွဲ၊ နှစ်ဆန်းလင်း(ခ)ဖက်တီး ၊ နေမျိုးလွင်(ခ)ဝအို ၊ ကောင်းမြတ်ဟိန်း(ခ)အောင်နိုင်လင်း(ခ)ကတွတ် ၊ ဝင်းတင့်ထွန်း(ခ)ရောက်လုံး ၊ နိုင်မျိုးထွန်း(ခ)နေမျိုး ၊ တိုးငြိမ်း ၊ သန်းနိုင်ဦး(ခ)မိုးဒီ တို့ (၉)ဦးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ဈ)၊ယင်းပုဒ်မ ၅၁(ဂ)အရ ထောင်ဒဏ် (တစ်သက်) အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။


CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များနှင့် ပြည်ဖျက်မီဒီယာများက တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် လုပ်ကြံဖန်တီး ရေးသားဖော်ပြနေမှုများကို လူမှုကွန်ရက်စာမျက်နှာများတွင် ထပ်ဆင့်ဖြန့်ဝေခြင်း၊ ကူးယူဖော်ပြခြင်း ပြုလုပ်လျက်ရှိသူများကိုလည်း နေ့စဉ်ဖော်ထုတ်၍ အရေးယူဆောင်ရွက်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)