သန်လျင်မြို့နယ်တွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သန်လျင်မြို့နယ်တွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေး


MNP ၊ မတ် ၃၀

သန်လျင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း(၃၁)ရွာတွင် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။


မြစိမ်းရောင်စီမံကိန်းရန်ပုံငွေသည် အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြစ်ပြီး ချေးငွေများထုတ်ချေးခြင်းပြန်လည်ပေးဆပ်ခြင်းများအား စဉ်ဆက်မပြတ်လည်ပတ်နေသော စီမံကိန်းဖြစ်သည့်အားလျော်စွာ ယခု ၂၀၂၃ ခုနှစ်မတ်လတွင် အရင်းအတိုးပြန်လည်ပေးဆပ်ရန် ကျေးရွာပေါင်း(၂၁)ရွာရှိပြီး အဆိုပါကျေးရွာများသည်လည်း ပြန်လည်ပေးဆပ်ရမည့် သတ်မှတ်ကာလတွင် အပြေအကျေပေးဆပ်ကာ နေ့ချင်းပြီးပြန်လည်ထုတ်ချေးခြင်းများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)