ကျိုက်ထိုမြို့နယ်ကျိုက်ပိကျေးရွာ၌ စိုက် ပျိုးရေးဆိုင်ရာ နည်းပညာဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်ကျိုက်ပိကျေးရွာ၌ စိုက် ပျိုးရေးဆိုင်ရာ နည်းပညာဆွေးနွေးပွဲ ပြုလုပ်




MNP ၊ မတ် ၃၀

     မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထို မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန၊စိုက်ပျိုးရေးဦးစီးဌာနနှင့်ကမ်းရိုးတန်းဒေသ တောင်သူလယ်သ မား(CFDA)အဖွဲ့တို့ပူးပေါင်း၍ ယမန်‌နေ့ နံနက် ပိုင်းက ကျိုက်ထိုမြို့နယ် ကျိုက်ပိကပ်ကျော်ဘုရား ဓမ္မာရုံ ၌ စိုက်ပျိုး‌ရေး ဆိုင်ရာနည်းပညာ‌ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။


    နည်းပညာဆွေးနွေးပွဲတွင်(FDA)အဖွဲ့ဝင် ဦးကျော်မင်းနိုင် က ရေရှည်တည်တံ့သောစိုက်ပျိုးနည်းစနစ်(SRP)အကြောင်းကိုဆွေးနွေးပြောကြားပြီးကျိုက်ထိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက မျိုးစေ့ထုတ်စိုက်ပျိုးရခြင်းအကြောင်းနှင့်မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်းကြောင့်ရရှိနိုင်သည့်အကျိုး ကျေးဇူးများ၊သဘာဝမြေဩဇာပြုလုပ်ထည့်သွင်းခြင်းအကြောင်းများအား ဆွေး နွေးပြောကြားခဲ့သည်။


    အဆိုပါဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ကမ်းရိုးတန်းဒေတောင်သူလယ်သမား(CFDA)အဖွဲ့မှတာဝန်ရှိသူများ၊ကျေးရွာရှိတောင် သူများတက်ရောက်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)