သရက်မြို့၌ မူလတန်းဆင့် ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်မြို့၌ မူလတန်းဆင့် ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP ၊ မတ် ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မူလတန်းဆင့် ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စိန်ရတု ခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦးက သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ အခြေခံ မူလတန်းဆင့် ဆရာ/ဆရာမများ သင်ကြားမှု အရည်အသွေး မြင့်မားလာစေရန်နှင့် အရည်အသွေး ပြည့်ဝသည့် ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာနိုင်စေရေး လေ့ကျင့်ပြုစု ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်တာဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။


ထို့နောက်  သင်တန်းကို သင်တန်းဆရာ(၂၀)ဦးဖြင့် သင်တန်းသား ဆရာ/ဆရာမ(၆၀၈)ဦးအား မတ်လ(၂၈)ရက်မှ (၃၁) ရက်နေ့ထိ သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။


ဇော်ထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)