MNP ၊ မတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နွေနှမ်း(၃၂၉၁၆)ဧက စိုက်ပျိုးရန်လျာထားပြီး နွေနှမ်းများစိုက်ပျိုးရန်အတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာမှ ရေများပေးဝေလျက်ရှိရာ ရေရရှိမှုအပေါ်မူတည်ပြီး (၁၇၆၆၂)ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။
နွေနှမ်းသီးနှံများအား တိုက်နယ်(၁)မှ ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ရှားပင်၊ ဒွေးလှ၊ အနောက်ငါးဆူ ကျေးရွာအုပ်စုများတွင် (၁၉၃)ဧက၊ တိုက်နယ်(၂)မှ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတောကြီး၊ ဘုံကွင်း၊ စင်းကွန်းကျေးရွာအုပ်စုများတွင်(၁၂၁)ဧက၊ တိုက်နယ်(၃)မှ လက်ပန်ပင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ မြောင်းဦး၊ ပွတ္တိုင်၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနံ ကျေးရွာအုပ်စုများတွင် (၄၆၀)ဧက၊ တိုက်နယ်(၄)မှ ညောင်ရွေ၊ သင်ပုတ်၊ ဇရပ်ဖြူ၊ ငါးအိုး၊ အနောက်ရွာနန်း၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း ကျေးရွာအုပ်စုများတွင်(၈၄၂)ဧက၊ တိုက်နယ်(၅)မှ တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ပြည်ပန်း၊ ဖောင်ရွာ၊ကြက်မင်းတွန်၊ ပတ္တာ၊ ပင်တလည်၊ သမန္တလင်း၊ မြင်းကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင် ကျေးရွာအုပ်စုများတွင် (၄၀၈၂)ဧက၊ တိုက်နယ်(၆)မှ အရှေ့ငယ်တိုး၊ လက်ပန်ဇင်၊ ငှက္ကတောင်၊ ရွှေဒါး၊ ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင်(၇၃၈)ဧက၊ တိုက်နယ်(၈)မှသင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကြောင်း ကျေးရွာအုပ်စု များတွင်(၁၉၆၉)ဧက၊ တိုက်နယ်(၉)မှ ရဲမအူ၊ စိုင်မလန်း၊ ကိုးပင်၊ အင်ရောင်း၊ ကလိုင်ကျော် ကျေးရွာအုပ်စုများတွင်(၉၈၁)ဧက၊ တိုက်နယ်(၁၀)မှ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ အင်ရောင်း၊ ကလိုင်ကျော် ကျေးရွာအုပ်စုများတွင်(၆၂၂၃)ဧက၊ တိုက်နယ်(၁၁)မှ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်း ကျေးရွအုပ်စုများတွင်(၁၀၅၆)ဧက၊ တိုက်နယ်(၁၂)မှ ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်နောက်၊ ကင်းကျေးရွာများတွင် (၉၉၂)ဧက စုစုပေါင်း (၁၇၆၆၂)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။
ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ တောင်သူများနှင့်ပူးပေါင်းပြီး နွေးနှမ်းသီးနှံများအောင်မြင်ရေး နည်းပညာများ စနစ်တကျ ကူညီပေးလျက်ရှိပြီး စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ဆင်းရတနာ (၄) နှမ်းအဖြူမျိုးများ အဓိကထား ဖြန့်ဝေပေးထားကာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ နွေးနှမ်း သီးနှံများအောင်မြင်သည်အထိ စိုက်ပျိုးရေများပေးဝေသွားမည်ဖြစ်ကြောင်း ရှိသည်။
သက်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment