ကျောက်မဲမြို့နယ်၌ ၇၈ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့နယ်၌ ၇၈ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ




MNP ၊ မတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ဂေါက်ဂလပ် တွင် ယနေ့နံနက် ၇ နာရီက ၇၈ နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဂေါက်သီးရိုက်ပြိုင်ပွဲကို အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှကြီးမှူ၍ ကျင်းပခဲ့‌ကြောင်းသိရသည်။


အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ခိုင်မိုးနှင့် ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးတို့က ဖွင့်လှစ်ပေးခဲ့ပြီး ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့နယ်များမှ အားကစား သမား စုစုပေါင်း ၉၅ ဦး တို့က အဖွဲ့ ၂၃ ဖွဲ့ဖြင့် တစ်ပျော်တစ်ပါးပါဝင်ဆင်နွှဲယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ညနေ ၆ နာရီ အချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


မိုင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)