တာချီလိတ်မြို့တွင် မြေအောက်ရေများ ခမ်းခြောက်၍ သောက်သုံးရေများ ပြတ်လပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့တွင် မြေအောက်ရေများ ခမ်းခြောက်၍ သောက်သုံးရေများ ပြတ်လပ်


MNP   -   မတ်   ၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရာသီဥတုပူပြင်းလာသည်နှင့်အမျှ မြေအောက် ရေများခမ်းခြောက်လာ၍ သုံးရေများပြတ်လပ်လာသော ရပ်ကွက်များအတွင်း ရေပေးဝေရေးကုမ္ပဏီ ၏ ကူညီမှုဖြင့် ရွှေမယ်ယန်း လူမှုကူညီရေး ပရဟိတအသင်းနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ရေပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


တာချီလိတ်မြို့နယ် ဟောင်လိတ်၊ ဝမ်ဟောင်၊ ဟွေခိုက်ကွက်သစ်၊ စက်မှုဇုံ၊ ဌက်ပျောတော/ လေယာဉ်ကွင်းအောက် ကျောင်း/ ရဲစခန်း/ ဟောင်လိတ်ယာဉ်ငယ်လိုင်းကားဂိတ်၊ လွယ်စတုံ ရပ်ကွက်ဝန်းကျင်ရှိ နေအိမ်များတွင် နှစ်စဉ် နွေရာသီကာလတွင် အဝီစိတွင်းရေများ ခမ်းခြောက်မှုရှိ သော်လည်း မတ်လလောက်မှ စတင်၍ ခမ်းခြောက်ကာ ယခုနှစ်တွင် ဇန်နဝါရီလဦးပိုင်းမှ စတင်ကာ မြေအောက်ရေများခမ်းခြောက်လာ၍ ရာသီဥတုပူပြင်းလာသည်နှင့်အမျှ သုံးရေများလုံလောက်စွာ မရရှိသည့်အတွက် သောက်သုံးရေများ ပြတ်လပ်မှု အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ဟွေခိုက်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။


အဆိုပါ မြေအောက်ရေခမ်းခြောက်ကာ သောက်သုံးရေပြတ်လပ်မှုနှင့် ပက်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ရေပြတ်လပ်သည့် ရပ်ကွက်များရှိ အများသုံး အုတ်ကန်များ၌ ရေများဖြည့် သွင်းပေးထားပြီး လိုအပ်သည့်အချိန်တွင် လာရောက်သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်ထားလျက် ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)