ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ





MNP ၊ မတ် ၂၈

 သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ ခု၊ အစိုးရ ပဠိပထမပြန်စာမေးပွဲကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားသိမ်တော်၌ ယနေ့၊ နေ့လယ်(၁၂)နာရီက စတင်ကျင်းပလျက်ရှိရာ ရဟန်း၊ သံဃာ၊ သာမဏေ ၁၇ ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။


    အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုခွင့်စာရင်းရှိ ၂၀ ပါးအနက်၊ အခြေပြုမူလတန်း တွင် စာရင်းရှိ ၁ ပါးနှင့်ပထမအလတ်တန်းတွင် စာရင်းရှိ ၂ ပါး ဖြေဆိုပျက်ကွက်ခဲ့ပြီး၊ ပထမ အကြီးတန်းတွင် ၆ ပါးတို့ကဒွေမာတိကာနှင့်ဓမ္မပဒဘာသာအားလည်းကောင်း၊ ပထမအငယ် တန်းတွင် ၁၁ ပါးတို့က ဘိက္ခုတိမောက်နှင့်ဓမ္မပဒဘာသာတို့ကို ယနေ့၊ နေ့လယ် (၁၂)နာရီမှ ညနေ(၃)နာရီထိ၊ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။


   ထိုသို့ စာဖြေရဟန်း၊သံဃာတော်များနှင့်စာမေးပွဲကြီးကြပ်ရေး ဆရာ တော်ကြီးများကို မြို့နယ်စီမံအုပ်ချုပ်အဖွဲ့မှ နဝကမ္မနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းပေးပြီး၊ အဆိုပါ စာပေးပွဲကို ၂၀၂၃ ခု၊ ဧပြီလ(၃)ရက်နေ့အထိ၊ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)