ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်းအမ်းမြို့၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်းအမ်းမြို့၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှုစစ်ဆေး






MNP   -   မတ် ၂

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ မတ်လ ၁ ရက် နေ့လယ်ပိုင်းက  အမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ ဆုံပြီး အမ်းမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံစဉ်  ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ခရိုင်ရုံးများ ဖွင့်လှစ်ထားရှိမှုအ ခြေအနေနှင့် ဒေသဆိုင်ရာအချက်အ လက်များကိုရှင်းလင်း တင်ပြပြီး ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။


 တင်ပြချက်များ အပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က  ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်၏လက်ရှိအခြေအနေပေါ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာအောင် ပူးပေါင်းဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေး ချမ်းလာသည်နှင့်အမျှ ဒေသဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုကြိုးစားလုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ အမ်းဒေသသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရေခံမြေခံကောင်းသည့်ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများတိုးချဲ့ဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန်နှင့် မိမိတို့ဒေသ၌မွေးမြူရေး အစား အစာများထုတ်လုပ်ရန်လိုအပ်ပါကြောင်း၊ အမ်းမြို့သည့် ရခိုင်ပြည်နယ် ၏ တံခါးပေါက်ဖြစ် သည့်အပြင် အချက် အချာကျသည့် မြို့ဖြစ်သောကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒေသဝမ်းစာဖူလုံရုံနှင့်ရပ်တန့်မနေဘဲ ပို့လျှံ ၍ နိုင်ငံခြားတင်ပို့နိုင်မှ လယ်သမားများ၏ ဝင်ငွေပိုရရှိမည်ဖြစ်၍ မျိုးစေ့နည်းပညာများ ပံ့ပိုးပေးရန်လို အပ်ပါကြောင်း မိမိတို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကြိုးစားဆောင် ရွက်လျက်ရှိသကဲ့သို့ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ဝန်ထမ်းများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြစေလိုကြောင်းပြောကြားသည်။


ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝင်းအတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာရုံးများ ဖွင့်လှစ်ထားရှိမှု၊ ပဲပဒုံစုပေါင်းစစ်ဆေးရေးဂိတ် ဆောင် ရွက်နေမှုအခြေအနေ၊ ပဲပဒုံ တံတားတည်ဆောက်နေမှုလုပ်ငန်းခွင်၊ စျေးတောင်ရပ်ကွက်ရှိ ဒေသဖွံ့ဖြိုး ရေးရုံး ပြန်လည်ပြုပြင်နေမှု၊ လေယာဉ်ကွင်းရပ်ကွက်ရှိ စုပေါင်းရုံးဟောင်းအားပြန်လည် ပြုပြင်နေမှု တို့အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)