ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ





MNP ၊ မတ် ၂၈

ရခိုင်ပြည်နယ် မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ယနေ့ နံနက် ၁၀  နာရီ အချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက  ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့တွင်ကျရောက်မည့်  မဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စများ၊ ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊  ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲ ၊ သက် ကြီး ပူဇော်ပွဲ ကျင်းပမည့် အစီအစဉ်များ  နှင့် မဟာ သင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိ နဲ့ စည်ကားသိုက်မြိုက် ပျော်ရွင်အောင်မြင်စွာ ကျင်းပ ပေး နိုင်ရန် အတွက် ဆောင်ရွက်ထားသည့် အစီအမံများအားကြိုတင် ရှင်းလင်းတင်ပြကြရန် လိုအပ်ပါ ကြောင်း ပြော ကြား ခဲ့သည်။


ထို့နောက် မောင်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကံထွန်းအောင် နှင့်  ဘူးသီးတောင် မြို့နယ် အုပ် ချုပ်ရေးမှူး ဦးဇော်ဝင်းတို့က မိမိတို့မြို့နယ်အလိုက် မဟာသင်္ကြန်အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ကဏ္ဍအလိုက် ဆောင်ရွက်နေသည့် အစီအစဉ်များ ၊  မဟာသင်္ကြန်တွင် ဖျော်ဖြေရေး နှင့် ယိမ်းအဖွဲ့များ စီစဉ်ဆောင်ရွက်နေမှုများ ၊ လုပ်ငန်း ကော်မတီများဖွဲ့စည်းထားရှိမှု နှင့် လုပ်ငန်းတာ၀န်များကို ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာန ဆိုင်ရာ များက ဝိုင်း၀န်းဆွေးနွေးတင်ပြကြခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)