ဝန်းသိုမြို့တွင် တောင်သူစွမ်းဆောင်ရည်မြှင့်သင်တန်းနှင့် စိုက်ပျိုးရေးသုံး ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဝန်းသိုမြို့တွင် တောင်သူစွမ်းဆောင်ရည်မြှင့်သင်တန်းနှင့် စိုက်ပျိုးရေးသုံး ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

158

159

160


MNP ၊ မတ်  ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တောင်သူ စွမ်းဆောင်ရည်မြှင့်သင်တန်းနှင့် Home Gardening ဟင်းသီးဟင်းရွက်မျိုးစေ့၊ ပျိုးပင်နှင့် စပါးမျိုးစေ့၊ စိုက်ပျိုးရေးသုံး ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ရာ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အကျိုးဆောင်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင့်ဆွေက အခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ Home Gardening စိုက်ပျိုးရန် ဟင်းသီးဟင်းရွက်မျိုးစေ့၊ ပျိုးပင်များ၊ မိုးစပါးမျိုးကောင်းမျိုးသန့်မျိုးစေ့များ၊ ဂျစ်ပဆန် သဘာဝကျောက်မှုန့် မြေဩဇာနှင့် စိုက်ပျိုးရေးသုံး ဆက်စပ်ပစ္စည်းများကို တက်ရောက်လာသော အကျိုးဆောင် တောင်သူများအား တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။


အဆိုပါ သင်တန်းတွင် စပါး၊ ဆစ်ပိုးအန္တရာယ်နှင့် မြေပဲသီးနှံပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း၊ စပါးမျိုးကွဲများ ရွေးချယ်ခြင်းနှင့် မျိုးစေ့ဆားရေစိမ်နည်း လက်တွေ့သရုပ်ပြခြင်း၊ သစ်စိမ်းမြေဩဇာ ပြုလုပ်သုံးစွဲခြင်းနှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများ၊ နေကြာသီးနှံ မျိုးစေ့ ထုတ်ကွက် အောင်မြင်ဖြစ်ထွန်းနိုင်မှုစသည့် ပညာပေးသင်တန်း ဘာသာရပ်များကို မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးနှင့် မြေ၊ မျိုး၊ ပိုးတာဝန်ခံဝန်ထမ်းများက သင်ကြားပို့ချပြီး တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။


ဝန်းသိုမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါးစိုက်ဧက (၄၂၅)ဧက၊ နေကြာ (၁၀၀၈) ဧကတို့ကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး အထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထွန်းထွန်း

 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages