တွံတေးမြို့နယ် တွံတေးဝကျေးရွာအုပ်စု၊ ချောင်းမကြီး ကျေးရွာ၌ငါးမွေးမြူရေးနည်းပညာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးမြို့နယ် တွံတေးဝကျေးရွာအုပ်စု၊ ချောင်းမကြီး ကျေးရွာ၌ငါးမွေးမြူရေးနည်းပညာသင်တန်းဖွင့်လှစ်

 


MNP ၊ မတ် ၃၀

ငါးမွေးမြူရေးလုပ်ငန်းရှင်များအား ငါးမွေးမြူရေးလုပ်ကိုင်ရာတွင် အထောက်အကူရရှိပြီး ပိုမို၍ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်လမ်းညွှန်ထားရှိမှုနှင့်အညီ တွံတေးမြို့နယ်အတွင်းရှိ တွံတေးဝကျေးရွာအုပ်စု၊ ချောင်းမကြီးကျေးရွာတွင် ငါးမွေးမြူသူများအား ငါးမွေးမြူရေးနည်းပညာသင်တန်းကို ယနေ့နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း(ချောင်းမကြီး)၌  သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲသို့တွံတေးခရိုင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်မောင်ထွဋ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများမှ ဝင်ငွေများပိုမိုရရှိစေရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ တိုးတက်လာသည့် မွေးမြူရေးဆိုင်ရာ နည်းပညာများ သင်ကြားတက်မြောက်ပြီး ငါးမွေးမြူရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ပြီး မိသားစုဘဝပိုမိုတိုးတက်၍ ဝင်ငွေများတိုးပွားစေရေးအတွက် နည်းပညာပေးသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းမှရရှိလာမည့် နည်းပညာရပ်များဖြင့် ငါးမွေးမြူရေးလုပ်ငန်းနယ်ပါယ်တွင် ကြီးပွားတိုးတက်ပြီးဝင်ငွေတိုးပွားစေရန် ဆောင်ရွက်ကြရန် အလေးထားတိုက်တွန်း ပြောကြားခဲ့သည်။


ထို့နောက်သင်တန်းနည်းပြ တွံတေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်မောင်ထွဋ်နှင့်ဝန်ထမ်းများ တွံတေးငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိမိခိုင်မှ ငါးမွေးမြူရေးနည်းပညာသင်တန်းအား သင်ကြားပို့ချရာတွင်ငါးမွေးမြူရေးဆိုင်ရာ အခြေခံငါးမွေးမြူရေး၊ ငါးမှုန်ငါးသန် ပြုစုခြင်း၊ ငါးအသားတိုး မွေးမြူခြင်းတို့အား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းသို့ တွံတေးခရိုင်၊ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးဌာနမှူး ဦးတင်မောင်ထွဋ်နှင့်ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်‌ရေးမှူးများနှင့် ရာအိမ်မှူးများ ၊ငါးမွေးမြူရေးလုပ်ငန်းရှင်များ၊ ဝါသနာရှင် သင်တန်းသား၊ သင်တန်းသူ (၄၀)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်သူများအား ငါးမွေးမြူရေးဆိုင်ရာနည်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းကို တွံတေးဝကျေးရွာအုပ်စု၊ချောင်းမကြီးကျေးရွာတွင် မတ်လ၃၀ရက်နေ့မှ၃၁ရက်နေ့အထိ ငါးမွေးမြူရေးနည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း တွံတေးခရိုင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)