ရမ်းဗြဲမြို့၌ ပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ ပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ









MNP ၊ မတ် ၃၀

    ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၂ ခုနှစ်အစိုးရပါဠိပထမပြန်စာမေးပွဲကိုအောင်မြင်တော်မူကြသော သာမဏေများအားစာအောင်ဆုနှင့်ဂုဏ်ပြုချီးမြှင့်သည့်စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရမ်းဗြဲမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမ၌ကျင်းပကြရာ အခမ်းအနားသို့ မြို့နယ်သံဃနာယက ဥက္ကဌဆရာ‌ေတာ်နှင့် စာမေးပွဲကြီးကြပ်ဆရာတော်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများလူမှုရေးအသင်းအဖွဲ့များတက်ရောက်ကြသည်။


    အခမ်းအနားကို တက်ရောက်လာကြသောဆရာတော်များနှင့်ပရိတ်သတ်များမှ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီးဖွင့်လှစ်ပေးကြသည်။ 


ယင်းနောက်တက်ရောက်လာသူများမှ ဥက္ကဌဆရာတော်ဘုရားကြီးထံမှငါးပါးသီလခံယူဆောက်တည်ကြသည်၊ ဆက်လက်ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်သန်းမှ မြို့နယ်၏သာသနာရေးဆိုင်ရာများကိုလျှောက်ထားပြီးနောက် ဥက္ကဌဆရာတော်ဘုရားကြီးထံမှဩဝါဒခံယူကြသည်။၎င်းနောက် ၂၀၂၂ ခုနှစ်ကပါဠိပထမပြန်စာမေးပွဲတွင်အောင်မြင်တော်မူကြသော အခြေုမူလတန်း၌ (၇)ပါးနှင့်ပထမလတ်တန်းကိုအောင်မြင်တော်မူသော သာမဏေ(၇)ပါးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများမှ စာအောင်လက်မှတ်နှင့်ဂုဏ်ပြုဆုများချီးမြှင့်ပေးကြသည်။


    ဆက်လက်ပြီး ဥက္ကဌဆရာတော်ဘုရားကြီးက လှူဒါန်းမှုအစုစုတိုအတွက် ရေစက်သွန်းချအမျှပေးဝေပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းပေးခဲ့ကြကြောင်းသိရ

သည်။


အောင်နိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)