မော်လမြိုင်ကျွန်းမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ




MNP ၊ မတ် ၂၇

 ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့်အမှတ်(၁၀)ရပ်ကွက်၊ဝိဇယလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီ အချိန်ကကျင်းပပြုလုပ်ကြောင်း သိရသည်။

 

ယင်း ကွန်ကရစ်လမ်းသစ်ကြီးကို ၂၀၂၂-၂၀၂၃ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မော်လမြိုင်ကျွန်းမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် လုပ်ငန်းတင်ဒါအောင်မြင်သောထက်နေခြည်ကုမ္ပဏီမှ ကုန်ကျငွေကျပ် (၂၁.၀၇)သန်းဖြင့် လမ်းအရှည် (၆၀၀)ပေ အကျယ် (၁၆)ပေ၊ ထု(၆) လက်မ ဖြင့် ဆောင်ရွက်ခဲ့ပြီး ပြည်သူလူထုမှ ကုန်ကျငွေကျပ် (၃၀.၀၀) သန်းဖြင့် လမ်းအရှည် (၁၀၀၀) ပေ၊ အကျယ်(၁၆)ပေ၊ ထု (၆) လက်မဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။ စုစုပေါင်း လမ်းအရှည် မှာ (၁၆၀၀)ပေ၊ အကျယ် (၁၆)ပေ၊ ထု(၆)လက်မအား (၂၇-၇-၂၀၂၂) ရက်နေ့တွင်စတင်ဆောင် ရွက်ခဲ့ပြီး(၂၃-၈-၂၀၂၂)ရက်နေ့တွင် လုပ် ငန်းအားလုံးပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့သည်။


ဆက်လက်၍ ဝိဇယလမ်းကွန်ဂရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ရာတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ရာတွင် လပွတ္တာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်မျိုးညွန့်၊မော်လမြိုင်ကျွန်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဒုတိယမြို့နယ်အုပ်ချုပ်ရေစမှူးဦးသက်နိုင်ထွေး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးမိုးစိန်၊မြို့နယ်စည်ပင်သာ ယာရေးကော်မတီ ဥက္ကဌ ဦးတင်လှိုင်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဒုတိယညွန့်ကြားရေးမှူးအမူဆောင်အရာရှိဦးမင်းဇော်၊တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။


အစီအစဉ်အရ လမ်းသစ်အား လပွတ္တာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များမှ လှည့်လည်စစ်ဆေး ကြည့်ရှုပြီး (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မော်လမြိုင်ကျွန်းမြို့၊ အမှတ် (၁၀)ရပ်ကွက်ဝိဇယလမ်း၊ ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့သည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)