ပေါင်မြို့နယ်တွင် အခြေခံ ပညာမူလတန်း အဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် အခြေခံ ပညာမူလတန်း အဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပ






MNP ၊ မတ် ၂၈

မွန်ပြည်နယ် ၊  ပေါင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲအခမ်းအနားကို ယ‌နေ့နံနက်ပိုင်းက ပေါင်မြို့နယ် အခြေခံ ပညာ အထက်တန်း ကျောင်း ရွှေရတုခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ပေါင်မြို့နယ် ပညာ ရေးမှူးဒေါ်စန်းစန်းအေး ကအဖွင့်အမှာစကားပြောကြားရာတွင် ယခုလိုစွမ်းရည်မြှင့် ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြင့် ဆရာ/ဆရာမများ အရည်အချင်း ပိုမိုပြည့်ဝပြီး ထူးချွန်ထက်မြက်သည့် ကျောင်းသား/ကျောင်းသူများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်ကြောင်း ဆွေးနွေးခဲ့သည်။


     အဆိုပါသင်တန်းသို့ ပေါင်မြို့နယ်မှ မူလတန်းအဆင့် ဆရာ၊ဆရာမ(၉၂၁)ဦးတက်ရောက်ပြီး သင်တန်းနည်းပြ(၃၁)ဦးမှ သက်ဆိုင်ရာဘာသာရပ်အလိုက်(၄)ရက်ကြာသင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)