အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဆိုင်ရာလုပ်ငန်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဆိုင်ရာလုပ်ငန်းအစည်းအဝေးကျင်းပ





MNP  -    မတ် ၃

       ရခိုင်ပြည်နယ်၊  အမ်းခရိုင်၊ အမ်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဆိုင်ရာ လုပ်ငန်းအစည်းအဝေး ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် အတွင်းမှ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်၍ ယနေ့ နေ့လယ်(၁၁)နာရီ အချိန်တွင် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


      ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းဆိုင်ရာ (SME)အခြားကုန်ထုတ်လုပ်ငန်းအသင်းကော်မတီဖွဲ့စည်းရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆားလုပ်ငန်း၊ နှစ်ရှည် သီးနှံစိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းရှင်များအတွက် အတိုးနှုန်းချိုသာစွာချေးငွေရရှိရေးတင်ပြရန်၊ (SME)အခြား ကုန်ထုတ်လုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်နိုင်ရန်၊ တစ်ပိုင်တစ်နိုင်စီးပွားရေး ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်နှင့် သက်ဆိုင်ရာဌာနများမှ အသိ အမှတ်ပြုလက်မှတ်များ ဆောင်ရွက်ထားရှိရန်၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် ဂါယ်လောင်းကျေးရွာအုပ်စုရှိ မရမ်းလေးဆည်အား အဆင့်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန်တို့ကို ပြောကြားခဲ့သည်။ 


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များက မြစိမ်းရောင်စီမံ ကိန်းမှ အသေးစား၊ အကြီးစား စက်မှုလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နေမှုအခြေအနေ၊ နွား/ဆိတ် မွေးမြူရေးလုပ်ငန်းကဏ္ဍ၊ ရေထွက်လုပ်ငန်းဖြစ်သည့် ဂဏန်း မွေးမြူရေး၊ ပုဇွန်မွေးမြူရေး၊ ငပိစက်ရုံလုပ်ငန်း ကဏ္ဍ၊ နှစ်ရှည်သီးနှံ သီဟိုလ်/ရာဘာ စိုက်ပျိုးရေးလုပ်ငန်းများအပေါ်တွင် အောင်မြင်အောင်လုပ်ကိုင်နိုင်မှု အခြေ အနေ၊ လုပ်ငန်းများတစ်ခုခြင်းအလိုက် အစုအဖွဲ့များစုဖွဲ့၍ ပေါင်းစပ်လုပ်ကိုင်နိုင်ရန်၊ လုပ်ငန်းများပိုင်ဆိုင်မှု ရှိစေရန်တို့ကိုဆွေးနွေးတင်ပြခဲ့ကြသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost












No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)