ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာဖတ်ဝိုင်း ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာဖတ်ဝိုင်း ပြုလုပ်




MNP ၊ မတ် ၂၉

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီ ခွဲက မင်းစော(တောင်သမန်) ရေးသားသည့် အောင်မြင်သောလူသား စာအုပ်စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အောင်မြင်သော လူသားတစ်ဦးသည် စီးပွားလုပ်ငန်းအောင်မြင်ပြီး လူချစ်လူခင် များကြောင်း၊  နာမည်ကျော်ပြီး ကိုယ်ကျန်းများစိတ်ချမ်းသာသူဖြစ်ကြောင်း၊ ကြုံတွေ့လာသည့် လောကဓံများကို ရဲရဲရင်ဆိုင်ပြီး လောကအလယ် တင့်တယ်ထည်ဝါကာ ထိပ်တန်းမှာနေသူဖြစ်ကြောင်း၊ ဘဝနောင်ရေး စိတ်အေးစေရန်အတွက် ကောင်းမှုကုသိုလ်များ လုပ်ကိုင်သူဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


 ထို့နောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာမောင်ခိုင်ကျော် (ကျောက်ဆည်) က အဖိုးတန်သောလူ့ဘဝကို လက်ကိုင်ရသူလူအများသည် ယခုဘဝ၊ နောင်ဘဝအတွက်၊ ဒုက္ခနည်းပါး၍ သုခကြီးမားအောင် နေတတ်ထိုင်တတ်၊ ပြောတတ်ဆိုတတ်၊ စိတ်ထားတတ်ဖို့ အရေးကြီးလှကြောင်း၊ လူ့ဘဝ၌ ဆင်းရဲဒုက္ခတွေ့ကြုံရခြင်းသည် ရှေးကံကြောင့်ချည်းမဟုတ်၊ အများအားဖြင့် မနေတတ်၊ မပြောတတ်၊ စိတ်မထားတတ်ခြင်းကြောင့်လည်း ဖြစ်တတ်ကြောင်း၊ ထိပ်တန်းရောက်လိုလျှင် ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်နေပါ၊ စိတ်ကောင်းကောင်းထား၊ ကိုယ်လည်းကောင်းအောင်နေ၊ စိတ်ကောင်းဆိုတာက ငါ့အတွက် သက်ဆိုင်သူများ စိတ်မဆင်းရဲစေနှင့် စိတ်ချမ်းသာပါစေ၊ တတ်နိုင်သလောက်ကူညီ၊ လူကျင့်ဝတ် လူ့ယဉ်ကျေးမှု နီတိများနှင့်အညီ နေထိုင်ရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းရီက မည်သည့်အလုပ်ဖြင့် အသက်မွေးမွေး ကိုယ်လုပ်သောအလုပ်မှာ ကျွမ်းကျင်ဖို့လိုကြောင်း၊ မပျင်းမရိ လုံးလဝီရိယရှိရန် လိုပြီး အလုပ်ကိစ္စနှင့် ဆိုင်ရာများ စူးစမ်းနှိုင်းချိန်တတ်သောပညဉာဏ်များလည်း ရှိရန် လိုကြောင်း ရှင်းလင်းပြောကြားခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)