ဖြူးမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် (မြို့နယ်အဆင့်)ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် (မြို့နယ်အဆင့်)ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းပို့ချ


MNP ၊ မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့်(မြို့နယ်အဆင့်)ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ဖြူးမြို့နယ်အ.ထ.က(၁)ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းဖွင့်ပွဲတွင် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်သီသီကြိုင်က သင်တန်းနှင့်ပတ်သက်သည့်အချက်များအား ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနကဦးဆောင်ကာ အခြေခံပညာမူလတန်းအဆင့် ကျောင်းအုပ်ကြီးများ၊ ဘာသာရပ်ဆိုင်ရာသင်ကြားပို့ချသည့် ဆရာ/ဆရာမများအား မွမ်းမံသင်ကြားပေးခြင်းဖြစ်ပြီး ဖြူးမြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၂၇၃)ကျောင်းမှ ဆရာ/ဆရာမ(၁၀၀၄)ဦးအား မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ သင်္ချာဘာသာ၊ သိပ္ပံနှင့် လူမှုရေးဘာသာများကို နည်းပြဆရာ/ဆရာမများက ပို့ချခြင်း၊ ဆွေးနွေးခြင်းများကို သင်တန်းကာလ(၄)ရက်တိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


နေမျိုးလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)