နမ္မတူမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပ




MNP ၊ မတ် ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီခွဲအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


သင်တန်းဆင်းပွဲတွင် ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ရွှေမာက နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်ပေးသည့် ရည်ရွယ်ချက်နှင့် သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး အားကစားနည်းပြ ဆရာ (၄)ဦးအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။


အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းအား မတ်လ (၁၃)ရက်နေ့မှ မတ်လ (၂၇)ရက်နေ့အထိ (၁၅)ရက်တာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်း သား၊ သင်တန်းသူ စားပွဲတင်တင်းနစ်အားကစားနည်းတွင် ၄၀ ဦး၊ ကြက်တောင်အားကစားနည်းတွင် ၄၀ ဦး၊ ဘော်လုံးအားကစားနည်းတွင် ၉၅ ဦး၊ ပိုက်ကျော်ခြင်းအားကစားနည်းတွင် ၄၀ ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၂၁၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ တစ်ဦးလျှင် နွေရာသီအားကစားဝတ်စုံ တစ်စုံနှုန်းနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များအား မြို့နယ်အားကစားမှူး ဒေါ်ရွှေမာနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။


လူမော် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)