တံတားဦးမြို့ ဘေးလုံပရိယတ္တိစာသင်တိုက် ဆရာတော်အား ဂုဏဝိသိဌပူဇာသဘင် ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

တံတားဦးမြို့ ဘေးလုံပရိယတ္တိစာသင်တိုက် ဆရာတော်အား ဂုဏဝိသိဌပူဇာသဘင် ကျင်းပ

167

168

169


MNP ၊ မတ်  ၁၃

တံတားဦးခရိုင် တံတားဦးမြို့နယ် အမှတ်(၂)ရပ်ကွက် နီပါးတန်းရပ်ရှိ ဘေးလုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာသာရကို နိုင်ငံတော်မှ သာသနာတော်ဆိုင်ရာ ချီးမြှင့်ပူဇော်သည့် (ဂန္တဝါစကပဏ္ဍိတ)ဘွဲ့တံဆိပ်တော်အား ဂုဏဝိသိဌ ပူဇာသဘင်အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အဆိုပါ ကျောင်းတိုက်တွင် ကျင်းပကြောင်း သိရသည်။


အခမ်းအနားတွင် ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များ၊ တပည့်ဒါယကာ၊ ဒါယကာမများက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ပူဇော်ဖွင့်ပေးပြီး တပည့်ဒါယကာ ၊ ဒါယကာမအပေါင်းတို့က  တံတားဦးမြို့ တောင်ပြုံးကျေးရွာ ရွှေကျောင်းဆရာတော် နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တ ဝါယမထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်အပေါင်းတို့က မေတ္တာသုတ်ပရိတ် စသည်တို့ ချီးမြောက်ပေးသနားမူကြသည်။ ဆက်လက်၍ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းမှ သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး၊ ဘေးလုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ ပညာသာရအား (ဂန္တဝါစကပဏ္ဍိတ)ဘွဲ့တံဆိပ်တော်ကို ထပ်ဆင့် ဆက်ကပ် လှူဒါန်းပေးသည်။ ထို့နောက် ဆရာတော်၏ ဂုဏဝိသိဌပူဇာဂါထာကို ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စကလည်ကောင်း၊ ဆရာတော်အား ရတုပိုက်စုံကို  နိုင်ငံကျော်အနုပညာရှင် ဦးလှဟန်ကလည်ကောင်း၊ ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်းကို စာရေးဆရာ ကိုရင်ထွန်းလွင်(သမန်းကန်)ကလည်ကောင်း၊ ဆရာတော်၏ မယ်တော်ကြီးနှင့် ငယ်ဆရာကြီးတို့ နှစ်ဦးအား ဆရာတော်မှ အာမိသဖြင့် ချီးမြောက်ခြင်းကိုလည်ကောင်း ပူဇော်ကန်တော့ကြပြီး အလှူရှင်များက ဘဒ္ဒန္တ ပညာသာရ (ဂန္တဝါစကပဏ္ဍိတ)အား နဝကမ္မ အလှူငွေများ ဆက်ကပ် ပူဇော်ကြပြီး၊ ပျော်ဘွယ်ဆရာတော် ဘဒ္ဒန္တ ဥတ္တမက တပည့်ဒါယကာ၊ ဒါယကာမအပေါင်းတို့အား အနုမောဒနာတရား ချီးမြှင့်ပေးသနားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။


ရဲတင့်

 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages