စမ်းချောင်းမြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်

 





MNP ၊ မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်း မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများ၏ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ တီထွင်ဖန်တီးမှုစွမ်းရည်များ မြင့်မား တိုးတက်လာစေရန်၊ ပန်းချီပညာနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ(၁)နာရီအချိန်က စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို  (အခမဲ့) ဖွင့်လှစ်သင်ကြား‌ပို့ချပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲ၌ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာစိုးက အဖွင့်အမှာစကားပြောကြားရာတွင် စမ်းချောင်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူများနှင့် ပန်းချီဝါသနာပါသည့် လူငယ်လူရွယ်လေးများအား နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင်  အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် ပန်းချီ ပညာရပ်၏ အခြေခံသဘောတရားများ ၊ရှုခင်း အလှပန်းချီ၊ လူပုံနှင့်တိရစ္ဆာန်ပုံရေးဆွဲနည်းများ၊ အရောင်၏အနက် အဓိပ္ပယ်နှင့်ခံစားမှုရသများကို ပန်းချီဆရာ ဦးမိုးကျော်သန့်က သင်တန်းသား/သူ စုစုပေါင်း(၂၀)ဦးခန့်အား ၂၀၂၃ခုနှစ် မတ်လ(၂၄) ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ တက်‌ရောက်လာကြသည့် သင်တန်းသား/သူများကို စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကမုန့်နှင့်အအေးဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။


နီလာစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)