ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင်ကျောင်းတိုက်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုကြိုဆိုထောက်ခံပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင်ကျောင်းတိုက်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုကြိုဆိုထောက်ခံပွဲ အခမ်းအနားကျင်းပ












MNP ၊ မတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မြေထူးကျေးရွာအုပ်စု၊ မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင်ကျောင်းတိုက်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုကြိုဆိုထောက်ခံပွဲ အခမ်းအနားစည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဆရာတော်ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်) က သြဝါဒမိန့်ကြားပြီး အမျိုး ဘာသာ သာသနာအတွက် တပ်မတော် ၏ ဆောင်ရွက်ချက် မှန်သမျှ - အောင်ရမည်၊ တိုင်းပြည်အတွင်း ဆူပူအကြမ်းဖက်အန္တရာယ် ဟူသမျှ - တိုက်ထုတ်ဖယ်ရှားကြ၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်နေကြသော PDF နှင့်ပူးပေါင်း အကြမ်းဖက် အဖွဲ့များအားလုံး - ကျရှုံးပါစေ၊ အကြမ်းဖက်အန္တရာယ် ကင်းစင်ရေး - ဒို့အရေး၊ ကျွန်ုပ်တို့သည် တပ်မတော်နှင့် လက်တွဲ၍ အကြမ်းဖက် အန္တရာယ်ဟူသမျှကို - တိုက်ထုတ်ဖယ်ရှားမည် ဟူသော ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြောင်း သိရသည်။

(၇၈)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုကြိုဆိုထောက်ခံပွဲ အခမ်းအနားသို့ ရပ်နီး၊ ရပ်ဝေးမှ ပြည်သူလူထု အင်အား (၁၀၀၀)ကျော် တက်ရောက်ပါဝင်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)