ကြံခင်းမြို့တွင် (၇၈)နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့တွင် (၇၈)နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ





MNP ၊ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် (၇၈)နှစ်မြောက်၊ တပ်မတော်နေ့ အထိမ်းအမှတ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်(၇)နာရီအချိန်က ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ သုခမိန်လမ်းရှိ ကွန်ကရစ်လမ်းသစ်တွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ခြင်းကို မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမြင့်ကျော်၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးအောင်စိုးတို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ  အထိမ်းအမှတ် အလံများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများကပေးအပ်ကြပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုကြသည်။


အဆိုပါကွန်ကရစ်လမ်းကို ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် ကြံခင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဘဏ္ဍာရန်ပုံငွေကျပ် သန်း(၁၅.၁၂)ဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်းအမျိုးအစားဖြစ်ပြီး၊ အလျား(၂၉၀)ပေ၊ အနံ(၂၂)ပေ၊ အမြင့်(၈)လက်မဖြင့်  ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။


ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိဦးဌေးမြင့်အောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှတာဝနှ်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ပြည်သူများတက်ရောက်ကြပြီး  မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးကြကြောင်း  သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)