ရေတာရှည်မြို့နယ်တွင် နိုင်ငံ​တော်အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့နယ်တွင် နိုင်ငံ​တော်အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ



MNP ၊ မတ် ၂၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ နိုင်ငံ​တော် အစိုးရပါဠိပထမပြန်စာမေးပွဲကို သမိုင်းဝင်ဓါတ်​တော်ဘုရား ဓမ္မာရုံ၌  ယ​နေ့ နေ့လယ် ၁၂ နာရီ အချိန်တွင် စတင်ကျင်းပခဲ့သည်။


အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက်​နေ့မှ ဧပြီလ ၃ ရက်​နေ့အထိ ကျင်းပ ဆောင်ရွက်မည်ဖြစ်ပြီး အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက်  မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အကျိုးဆောင် ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်​ဆောင်ရွက်ကာ ပထမကြီးတန်းတွင် စာရင်းရှိ (၁၇)ပါး၊ ဖြေဆို(၁၅)ပါး၊ ပထမလတ်တန်းတွင် စာရင်းရှိ(၁၄)ပါး ၊ ဖြေဆို (၈)ပါး၊ ပထမငယ်တန်းတွင် စာရင်းရှိ(၃၅) ပါး ၊ ဖြေဆို(၃၁)ပါးနှင့် အခြေပြုမူလတန်းတွင် စာရင်းရှိ(၂၉) ပါး၊ ဖြေဆို(၂၆)ပါး၊ စုစုပေါင်း စာရင်းရှိ(၉၅)ပါးတွင် ဖြေဆိုသူ ရဟန်းသံဃာနှင့် သီလရှင် (၈၀)ပါး ရှိ​ကြောင်းသိရသည်။


စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း စာမေးပွဲကြီးကြပ်ရေးဆရာတော်များနှင့် စာဖြေသံဃာများအတွက် ဆွမ်း၊ ဝေယျာဝစ္စအဝဝတို့ကို ဌာနဆိုင်ရာများ၊ အလှူရှင် ဒါယကာ၊ ဒါယကာမများက နေ့စဉ်လှူဒါန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)