တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများ ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများ ရာနှုန်းပြည့်ပြီးစီး




MNP ၊ မတ် ၂၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)လုပ်ငန်း (၁၂)ခုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(တတိယ)ပတ်မှစတင်၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၎င်း ကျေးရွာ(၁၂)ရွာတွင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။


တနင်္သာရီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်မှခွင့်ပြုငွေ ကျပ်(၁၀)သန်းဖြင့် စုစုပေါင်း ငွေကျပ် သန်း(၁၂၀)နှင့် ပြည်သူ့ထည့်ဝင်ငွေ ကျပ် (၁၈ ဒဿမ ၇၉သန်း)တို့ဖြင့် သာရဖုံ(ရ) ကျေးရွာ၊ သိန်ခွန်းရွာ၊ လယ်တောင်ယာရွာ၊ ကျွဲထိန်းကုန်းရွာ ၊ခြောက်မိုင်ရွာ၊ မြေမအုံရွာ၊ ဆန်းသစ်ကျေးရွာ၊ ရေဖြူရွာ၊ ကမ္ပလိုင်းရွာ၊ ချောင်းလမုရွာ၊ဘန်းလမွတ်ရွာနှင့်သဲဖြူကျေး ရွာတို့၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း(၆)ခု၊ မြေသားလမ်းခင်းခြင်းလုပ်ငန်း (၂)ခုနှင့် ကျေးရွာရေပေးဝေရေးလုပ်ငန်း(၃)ခု တွင် ရေဂါလံ(၅၀၀၀)ဆံ့ အုတ်ရေကန်နှစ်ခုနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်း ပေ(၄၁၈၀)နှင့် သဲဖြူကျေးရွာ၌ ကျေးရွာသုံးခန်းမ( ၃၀' x၂၄' x၁၂')ပေ ဆောက်လုပ်ခြင်းလုပ်ငန်းတို့မှာ ရာ နှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ခေတ္တမြို့နယ် ဦးစီးမှူး ဒေါ်သူဇာမိုးထံ သိရသည်။


အဆိုပါကျေးရွာ(၁၂)ရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)လုပ် ငန်းအားလုံး ပြီးစီးပြီဖြစ်သဖြင့် ၎င်းကျေးရွာ များရှိအိမ်ခြေ(၂၈၃၅)စုမှလူဦးရေ(၁၄၆၆၁)ဦး တို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)