တောင်သာမြို့နယ် သစ်တောဦးစီးဌာနမှ မြို့မယာယီပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၂၀၀၀၀)ပျိုးထောင် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တောင်သာမြို့နယ် သစ်တောဦးစီးဌာနမှ မြို့မယာယီပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၂၀၀၀၀)ပျိုးထောင်

216


MNP ၊ မတ်  ၂၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် သစ်တောဦးစီးဌာနမှ မြို့မယာယီ ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း (၂၀၀၀၀)ပင် ပျိုးထောင်ထားရှိပြီး ရပ်ကွက်/ ကျေးရွာ၊ ဌာန ဆိုင်ရာများ၊ ကျောင်းများအတွင်း ၂၀၂၃ ခုနှစ် မိုးရာသီကာလတွင် စိုက်ပျိုးရန် အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တောင်သာမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း စိမ်းလန်းစိုပြေစေရေး နှစ်စဉ်ပျိုးပင်များ ပျိုးထောင်လျက်ရှိပြီး ရာသီဥတုကောင်းမွန်မျှတလာစေရန်အတွက် ပြည်သူများ၏ နေအိမ်ခြံဝန်းများ၊ အခြေခံပညာကျောင်းဝန်းများအတွင်း၊ ဌာနဆိုင်ရာ ရုံးများအတွင်း စိုက်ပျိုးနိုင်ရန် ဗန်ဒါ၊ တမာ၊ ကုလားကုက္ကိုလ်၊ ယင်းမာ၊ မယ်ဇလီ၊ ယူကလစ်၊ စိန်ပန်းကြီး၊ ရေတမာ၊ မယ်ဇယ်၊ ငုစပ်၊ ငုရွှေဝါ၊ စိန်တချူ၊ သပြေဘူတ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ခရေ၊ ကံ့ကော်၊  ပန်းပိတောက်စသည့် ပျိုးပင်အမျိုးအစား (၁၈) မျိုးရှိပြီး ပျိုးပင်ပေါင်း (၂၀၀၀၀) ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူးထံမှသိရသည်။


ကျော်မျိုးနိုင်

 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages