ရေတာရှည်မြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးဝတ် (အခြေခံ)အပ်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေတာရှည်မြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးဝတ် (အခြေခံ)အပ်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ


MNP   -   မတ်   ၃

ပဲခူးတိုင်းဒေသကြီး  ရေတာရှည်မြို့နယ်တွင် တောင်ငူခရိုင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းက ကျင်းပပြုလုပ်သည့် ရပ်ရွာအခြေပြု အမျိုးသမီးဝတ်(အ​ခြေခံ) အပ်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (တောင်ငူ)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဌေးဌေးမြင့်က အမှာစကားပြောကြားခဲ့သည်။ ထို့​နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးမြင့်က ထူးချွန်ဆုရရှိသည့် သင်တန်းသူ မအိအိမြတ်အား အပ်ချုပ်စက်တစ်လုံးကိုလည်း​ကောင်း မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငုဝါ​ကျော်က သင်တန်းတွင် ဒုတိယဆုရရှိသည့် ဒေါ်​မေသူခင်ဦးအား ချိတ်အင်္ကျီဝမ်းဆက်ပိတ်စ တစ်စုံကိုလည်း​ကောင်း အသီးသီး ဆုချီးမြင့်ပေးအပ်ခဲ့ပြီး  သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းတွင် ခေါင်းစွပ်အင်္ကျီချုပ်နည်း၊ ဒေါက်ပါရင်​စေ့အင်္ကျီချုပ်နည်း၊ ကော်လံဝိုင်း လက်ပြတ်အင်္ကျီ ချုပ်နည်း၊ ရင်ဖုံးအင်္ကျီ လက်ဖောင်းချုပ်နည်း၊ ချိတ်ထမီချုပ်နည်းတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ အပ်ချုပ်နိုင်ရန် စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဖေ​ဖော်ဝါရီလ  ၆ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ  သင်တန်းသူ ၂၅ ဦး အား အခမဲ့ သင်ကြားပေးခဲ့​ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)