ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ


MNP ၊ မတ် ၃၀

စစ်ကိုင်းခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များ တွေ့ဆုံလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းက ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က ကလေးသူငယ် များရဲ့ အခွင့်အရေးတွေ ရရှိ/မရှိ စဉ်ဆက်မပြတ် စစ်တမ်းကောက်ယူသွားရမှာဖြစ်ကြောင်း၊ ကလေးသူငယ်တွေဟာ နောင်အနာဂတ်အတွက် နိုင်ငံ့တာဝန်များကို ပြန်လည်ထမ်းဆောင်ရမဲ့ ကလေးငယ်များဖြစ်ကြောင်း၊ ကလေးသူငယ်များအပေါ် စီးပွားရေးအရ ခေါင်းပုံဖြတ်မခံရအောင် ကော်မတီဝင်များက လေ့လာကြီးကြပ် ပေးသွားရမှာဖြစ်တဲ့အတွက် ကော်မတီဝင်များအနေဖြင့် လစဉ် စဉ်ဆက်မပြတ်တွေ့ဆုံ၍ လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်သွားကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားကာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက တစ်နှစ်တာဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေများကို ရှင်လင်းဆွေးနွေးခဲ့သည်။


ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာကော်မတီဝင်များက မိမိတို့ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၊ ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြကြရာ တင်ပြချက် များအပေါ် လုပ်ငန်းအောင်မြင်ရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဇော်မြင့်နိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)