ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ အခြေခံပညာအထက်တန်းကျောင်းများသို့ ဘင်ခရာအဖွဲ့ တူရိယာပစ္စည်းနှင့် ဝတ်စုံစရိတ်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ အခြေခံပညာအထက်တန်းကျောင်းများသို့ ဘင်ခရာအဖွဲ့ တူရိယာပစ္စည်းနှင့် ဝတ်စုံစရိတ်များ ထောက်ပံ့ပေးအပ်


MNP ၊ မတ် ၃၀

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့ အမှတ်(၁)နှင့်အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းများသို့ ဘင်ခရာအဖွဲ့တူရိယာပစ္စည်းနှင့် ဝတ်စုံစရိတ်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ပြည်နယ်ပညာရေးမှူးရုံး ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ ဆရာမများ၊ ဘင်ခရာတပ်ဖွဲ့ဝင်များနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင်  အခြေခံပညာကျောင်းသား / ကျောင်းသူများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မူဝါဒများနှင့်အညီ ဘက်စုံပညာရေး ကဏ္ဍမြှင့်တင်ရေးကို အကောင်အထည်ဖော် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား/ ကျောင်းသူများ အတန်းပညာ၊ အတတ်ပညာ၊ အသိပညာစသည့် ဘက်စုံပညာများထူးချွန်စေရန် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က လွိုင်ကော်မြို့ အမှတ်(၁)နှင့်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများအား ဘင်ခရာအဖွဲ့ တူရိယာပစ္စည်းများကိုလည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးစောဟူးဟူးက ဘင်ခရာအဖွဲ့ တူညီဝတ်စုံစရိတ်များကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများကလက်ခံရယူခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဘင်ခရာတူရိယာပစ္စည်းများအား ကြည့်ရှုစစ်ဆေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့သည် ပြည်နယ်မီးသတ်ဦးစီးဌာနသို့သွားရောက်ပြီး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ နောင်ယားကန်သာဝန်းကျင်သာယာလှပစေရေးနှင့် ပြည်သူများအပန်းဖြေနားနေဆောင် ပြန်လည်ပြုပြင်တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများသတ်မှတ် စံချိန်စံညွန်းများနှင့်အညီ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် လမ်းညွန်မှာကြားခဲ့ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)