MNP ၊ မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစားနည်းသင်တန်းဆင်းပွဲဆုချီးမြှင့်ပွဲကို ယနေ့ မတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီ အချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှေးဦးစွာ မြန်မာ့သိုင်းသင်တန်းနှင့် လက်ဝှေ့သင်တန်းမှ သင်တန်းနည်းပြများနှင့် သင်တန်းသားတို့မှ သရုပ်ပြကစားခဲ့ကြသည်။ အဆိုပါနွေရာသီ အခြေခံအားကစားသင်တန်းအား မတ်လ(၆)ရက်နေ့မှ မတ်လ(၂၈)ရက်နေ့အထိ (၂၂)ရက်တာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး၊ သင်တန်းတက်ရောက်သူ ပိုက်ကျော်ခြင်း အားကစားနည်းတွင်(၂၀)ဦး၊ ရိုးရာခြင်းလုံးအားကစားနည်းတွင်(၁၀)ဦး၊ ပြေးခုန်ပစ် အားကစားနည်းတွင်(၁၀)ဦး၊ မြန်မာ့သိုင်းအားကစားနည်းတွင်(၁၀)ဦး၊ လက်ဝှေ့အားကစားနည်းတွင်(၂၀)ဦး စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၇၀)ဦး တက်ရောက်ခဲ့ပြီး၊ အဆိုပါအားကစားနည်းများအား ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြဆရာများအား တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment