ချမ်းအေးသာစံမြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းအေးသာစံမြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ




MNP ၊ မတ်  ၁၆

မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့မွန်းလွှဲ ၁၂နာရီက အ.ထ.က (၁၄) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုပြီး စာဖြေခန်းမှ ထွက်လာသည့် ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့​သည်။


အဆိုပါ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် “စွမ်းအားရှိသမျှကာကွယ်‌ပေးမယ်” ခေါင်းစဉ်ဖြင့် ၁၃.၁၇.၁၉၄၇ ရက်နေ့၊ မြို့‌တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ (၇၈)နှစ်မြောက် တပ်မတော်နေ့ အမျိုးသား‌ရေးဦးတည်ချက်များ၊ “နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန် ထမ်းရွက်ခဲ့” ခေါင်းစဉ်ဖြင့် ဆောင်းပါး၊ “ပြည်သူချစ်တဲ့ တပ်မ‌တော်” ကဗျာများ၊ “အမျိုးသားနိုင်ငံရေး တာဝန်များကို သစ္စာရှိရှိ ကျေပွန်စွာ ထမ်းဆောင်”ခေါင်းစဉ်ဖြင့် ၂၇-၂၃-၂၀၂၂ ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မ‌တော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။


ထိပ်ထားနိုင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)